စိတ်ကျန်းမာရေး အလေးပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာခြင်း (Health) ဆိုသည် ရောဂါဝေဒနာ ကင်းရှင်း၍ ကိုယ်အင်္ဂါ ချွတ်ယွင်းမှု မရှိရုံမျှမက ကိုယ်ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှု ရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု၊ အဆင်ပြေကောင်းမွန်ခြင်း စသည်တို့ဖြစ်သည်ဟု သတ်မှတ်ထားသည် ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခ တို့ဖြင့် ပြည့်စုံနေမှသာ ကျန်းမာခြင်း အဓိပ္ပာယ်ပြည့်စုံပေမည်။ စိတ်နှင့်ကျန်းမာရေး စိတ်၏လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်၏တုံ့ပြန်မှု တို့ဆက်စပ်နေသည်။ စိတ်ပျို ကိုယ်နုဆိုသော စကားနှင့်အညီ ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျိုလန်းဆန်းခြင်း စသည်တို့သည် စိတ်၏လန်းဆန်းပျော်ရွှင်မှု၊ အပူအပင်သောကကင်းမှု၊ စိတ်တည်ငြိမ်မှု စသည်တို့ အပေါ်မှာ မူတည်သည်။ စိတ်ကြောင့်ခန္ဓာကိုယ်မှာ ဖြစ်သောရောဂါများ စိတ်လှုပ်ရှားမှု ဖြစ်စဉ်ကြောင့် ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာ အဝဝတွင် ချွတ်ယွင်းလာခြင်း ရှိကြောင်း (၁၉၃၆) ကတည်းက…