ဟိုတယ်၊ တည်းခိုခန်း လုပ်သားများနှင့် ကျန်းမာရေး ပြဿနာ

ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းတွေမှာ အလုပ်လုပ်ကြရသူတွေအဖို့ ဧည့်သည်ရောက်ရင် ရောက်တဲ့ အလျောက် အလုပ်များတတ်ပါတယ်။ ဟိုတယ်၊ မိုတယ်၊ အင်းတို့မှာ လုပ်ကိုင်ကြတဲ့ လုပ်သားတွေဟာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရှိရပါမယ်။ ဟိုတယ်လုပ်ငန်းအတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ရပါမယ်။ ဟိုတယ် တာဝန်ထမ်းဆောင်ရင်း တွေ့ကြုံရနိုင်တဲ့ ဓာတုပစ္စည်း၊ လျှပ်စစ်၊ စက်ပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်အန္တရာယ်မရှိရေး ဆောင်ရွက်ချက်များ၊ ဝန်ထမ်းပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးမှု၊ ဓာတုဗေဒပစ္စည်းများ အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေး စသဖြင့် အဆောက်အဦအတွင်း သိသင့်တဲ့ ဓာတုပစ္စည်း၊ လျှပ်စစ်နှင့် ယန္တရား၊ အဝတ်လျှော်စက်၊ အရေးပေါ်စက်၊ အရေးပေါ်လှေကား၊ မီးသတ်သင်တန်း စသဖြင့် သိရှိလိုက်နာသင့်တဲ့ အချက်အလက်များတက်သိကျွမ်းကျင်ဖို့ သင်ယူ လေ့ကျင့်စေရမှာ ဖြစ်တယ်။ သီးခြားလိုအပ်ချက်များအနေနဲ့ ထိရောက်တဲ့ လုပ်ငန်းဆောင်ရွက်ရရှိစေဖို့ အန္တရာယ်ကင်းရှင်းရေး…