ပြည်သူ့ကျန်းမာရေးကို တီဘီရောဂါက ထပ်မံခြိမ်းခြောက်နေပြီလား

ပြီးခဲ့တဲ့ မေလ ၂၄ရက်က ကျရောက်ခဲ့တဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲအတွင်းဝန်ဒေါက်တာသက်ခိုင်ဝင်းက “မြန်မာနိုင်ငံမှာလည်း တီဘီ၊ HIV ၊ ဆေးယဉ်ပါးတီဘီရောဂါတွေဟာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လူဦးရေ ၅၄သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် တီဘီလူနာသစ် နှစ်သိန်းခန့်ဖြစ်ပွားနေတယ်ဟု ခန့်မှန်းထားပြီး (၂၀၁၂-၂၀၁၃) ခုနှစ် တတိယအကြိမ် ဆေးယဉ်ပါး တီဘီစစ်တမ်းအရ တီဘီလူနာသစ် ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီဖြစ်ပွားလျက်ရှိသည်ကို ထပ်မံတွေ့ရှိထားပါတယ်လို့ ဆိုပါသေးတယ်။ ၂၀၁၃ ခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီလူနာတွေကို ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှာ လူနာ ၁,၅၀၀ ကျော် ကိုသာ ကုသပေးနိုင်ခဲ့တယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ အချက်အလက် တွေက…