ချွေတာရေး
“အား ကျွတ် ကျွတ်”ဒေါ်ခိုင်တစ်ယောက် ညနေခင်း မီးပျက်သဖြင့် ဖယောင်းတိုင်ထွန်းနေစဉ်ပဲ ရင်ခေါင်းထဲက စူးတက်လာသဖြင့် စုပ်တသပ်သပ် ရှိနေတယ်။ အိမ်မှာရှိတဲ့ သွေးဆေးလေးလျှက်ပြီး ရေသောက်ချလိုက်တော့ နည်းနည်းသက်သာသလိုရှိသွားတယ်။ လူလည်း နုံးချိနေလို့ ဝါးပက်လက် ကုလားထိုင်လေးပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေမိတယ်။ “မနေ့ကလို ချဉ်စုတ်စုတ်အရည်တွေ မအန်တော့တာတော်သေးတယ်” လို့ ဖြည့်တွေးလေး တွေးနေရင်း “ဒီရောဂါဝေဒနာ အမြန်ပျောက်ပါစေ”ဟု ဆုတောင်းယုံသာ တတ်နိုင်တော့တယ်။ အစာစားလိုက်၊ အန်လိုက်၊ ရင်ပူလိုက်၊ အိပ်မရဖြစ်လိုက်နဲ့ လူလည်းလုံးပါးပါးနေပြီ်။ ဆေးခန်းပြရအောင်ကလည်း သမီးဖြစ်သူ စက်ရုံမှာ အလုပ်လုပ်လို့ ရတဲ့လစာကို သားအမိ နှစ်ယောက် လောက်ငှအောင်စားနေရတဲ့ အခြေအနေ၊ အိမ်မှာ ကိုယ်ကိုယ်တိုင် စက်ချုပ်စက်ဟောင်လေးနဲ့ တစ်နေ့ တစ်နေ့ အထည်ချုပ်လို့ ရတဲ့ငွေနဲ့ အိမ်လခကိုအလျင် မှီအောင် မနည်းပေးထားရတယ်။ သားအမိနှစ်ယောက်…