လှနေစေချင်

အလှအပဆိုတာ လူတိုင်းအတွက် အရေးပါသည့်အရာတစ်ခုဆိုရင် မမှားချေ။ အလှအပရေးရာသည် မိန်းက လေးများနှင့် သက်ဆိုင်သည်သာမက ယောက်ကျားလေးများအတွက်လည်း လိုအပ်ပါသည်။ အသက်အရွယ် မရွေး အလှအပကို စိတ်ဝင်စားကြသည်။ အလှအပထဲတွင် တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ပါဝင်သည်။ ယနေ့ခေတ် အင်တာနက်အသုံးပြုမှုများလာသည့်နောက်ပိုင်း လူငယ်များသည် အင်တာနက်မှရှာဖွေပြီး မိတ်ကပ်လိမ်းခြင်း၊ အလှအပနှင့်ကျန်းမာရေးဆောင်းပါများဖတ်ရှုခြင်း စသည်တို့ကို ပြုလုပ်လာကြသည်။ အလှအပနှင့်ကျန်းမာရေးမှာလည်း အရေးပါသောနေရာမှ ပါဝင်လာသည်ကား အမှန်ပင်။ ယနေ့ခေတ်တွင် အလှအပနှင့်ဆိုင်ရာထုတ်ကုန်များ ဈေးကွက်ထဲသို့ နာမည်အမျိုးမျိုး၊ အမှတ်တံဆိပ်မျိုးစုံစွာဖြင့် အမြောက် အမြား ဝင်ရောက်လာကြသည်။ ကုန်ပစ္စည်းအစစ်များကိုတုပပြီး အတုများလည်း ဈေးကွက်အတွင်း များစွာ နေရာယူလာကြသည်။ သုံးစွဲသူများကလည်း ဝင်ငွေအဆင့်အတန်းအလိုက် တတ်နိုင်သူက ပစ္စည်းကောင်းသုံး ပြီး မတတ်နိုင်သူများက သာမန်ပစ္စည်းများကိုသာ သုံးကြသည်။ အလှကုန်ပစ္စည်းများသည် သုံးစွဲသူအပေါ်မူတည်၍ ဓာတ်မတည့်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အလှကုန် ဓာတ်မတည့်ခြင်းမှာ…

အမှန်တကယ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု

ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်သူ ကိုစိုင်း မနက်စောစောထ၍ အတူတူလမ်းလျှောက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်မျှ ရှိခဲ့ပြီ။ အကျိုးရလဒ်အနေနဲ့ ခန္ဓာကိုယ် ကျန်းမာရေးတစ်နေ့တစ်ခြား ပို၍ထူးခြားကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ မပြောင်းလဲခဲ့တဲ့အရာက ကိုစိုင်းတစ်ယောက်ပင်။ တစ်မနက်လုံးလမ်းလျှောက်ပြီးလို့အပြန် လမ်းထိပ်က စတိုး ဆိုင်ဝင်ပြီး အအေးဝယ်သောက်နေတာ ကျွန်တော်နဲ့ တွေ့ကတည်းက အခုချိန်ထိပါပဲ။ သူ ဘာကြောင့် အဲဒီလောက်ထိစွဲနေမှန်း ကျွန်တော်နားမလည်နိုင်ဘူး ဖြစ်နေတယ်။ အအေးမကြိုက် တတ်တဲ့ကျွန်တော် တစ်နေ့သူ့နောက်လိုက်ပြီး အအေးဝယ်သောက်မယ်ဆိုပြီး လိုက်သွားမိတယ်။ အမျိုးအစား စုံလင်စွာထည့်ထားတဲ့ရေခဲသေတ္တာကို ကျွန်တော်တွေ့လိုက်မိတဲ့နောက်မှာတော့ ကိုစိုင်းဘာကြောင့် စွဲသောက် နေသည်ကို နည်းနည်းနားလည်လာသလို ရှိတယ်။ အအေးမကြိုက်တတ်သူ ကျွန်တော်တောင်မှ သောက်ချင် စိတ်တွေ တဖွဖွ ဖြစ်လာတယ်။ မနေနိုင်တာနဲ့ အအေးတစ်ဘူးဝယ်ပြီး ပြန်ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက် အအေးသောက်ရင်း စဉ်းစားလာခဲ့တာ ကိုစိုင်းနဲ့ စကားတောင် မပြောဖြစ်ခဲ့ဘူး။…

ဝန်ထမ်းတွေ ခွင့်မယူရဘူးလား

ဒီကနေ့  စီးပွားရေးလုပ်ငန်းခွင်တွေ အများဆုံးကြုံတွေ့  နေရတဲ့ ဝန်ထမ်းရေးရာ စိန်ခေါ်မှုတွေထဲမှာ ဝန်ထမ်းများ ခွင့်ယူခြင်းက အဓိကပါဝင်နေပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့  နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေသတွေနဲ့  အညီ ဝန်ထမ်းများခွင့်ယူနိုင်ဖို့ အတွက် ဝန်ထမ်းရေးရာမူဝါဒနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထားကြပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ စည်ကမ်းလိုက်နာသူတွေအတွက် နစ်နာမှုမရှိစေဖို့ ရာ ရည်ရွယ်သော်လည်း ဝန်ထမ်းတွေအတွက် မဖြစ်မနေခွင့်ယူရတဲ့ အကြောင်းအရာတွေက အကြိမ်ကြိမ်ကြုံနေရတာကြောင့် ဝန်ထမ်းရော လုပ်ငန်းခွင်ပါ အခက်အခဲရှိကြပါတယ်။ ခွင့်ယူရခြင်းအကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါ ကျန်းမာရေးနဲ့  တစ်နည်းတစ်ဖုံပါတ်သက်နေတာကို သတိပြုမိကြမှာပါ။ ကိုယ်တိုင်နေမကောင်းခြင်းသာမက မိသားစုဝင်တစ်ဦးဦးနေမကောင်းခြင်းကလည်း ခွင့်ယူရမယ့် အခြေအနေတွေ ဖြစ်စေတာကို တွေ့ ရပါတယ်။ ကျန်းမာရေးရာ စိန်ခေါ်မှုတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ဈေးကွက်ထဲကလုပ်ငန်းခွင်တွေရော ဘက်ပေါင်းစုံဖိအားတွေနဲ့ ဝန်ထမ်းတွေအတွက်ပါ…

လုပ်ငန်းခွင်နှင့် မကူးစက်နိုင်သောရောဂါများ (Workplace and Noncommunicable Diseases)

မကူးစက်နိုင်သောရောဂါများ (NCDs) သည် နာတာရှည်ရောဂါများဖြစ်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါရင့်လာနိုင်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းဇယားများအရ မကူးစက်နိုင်သော ရောဂါ များကြောင့် နှစ်စဉ် လူပေါင်း (၃၈) သန်းခန့်သေဆုံးလျက် ရှိကြသည်။ ထိုသို့ သေဆုံးမှုများ၏ လေးပုံသုံးပုံခန့် သည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှဖြစ်ကြသည်။ မကူးစက်နိုင်သော ရောဂါ များ၏ အဓိက အမျိုးအစား (၄) မျိုးမှာနှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ (နှလုံးရောဂါနှင့်လေဖြတ်ရောဂါ ကဲ့သို့ သောရောဂါများ) ၊ ကင်ဆာရောဂါများ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (နာတာ ရှည် အဆုတ်ပွရောဂါနှင့် ရင်ကျပ်ပန်းနာရောဂါ တို့ကဲ့သို့သောရောဂါများ) နှင့် ဆီးချိုရောဂါတို့ဖြစ်ကြသည်။ ယင်းတို့ အနက် နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများကြောင့် သေဆုံးမှုမှာအများဆုံးဖြစ်ပြီး နှစ်စဉ် လူပေါင်း (၁၇.၅) သန်းခန့်သေဆုံးလျက်ရှိသည်။ ထို့နောက်…

ချွေတာရေး

“အား ကျွတ် ကျွတ်”ဒေါ်ခိုင်တစ်ယောက် ညနေခင်း မီးပျက်သဖြင့် ဖယောင်းတိုင်ထွန်းနေစဉ်ပဲ ရင်ခေါင်းထဲက စူးတက်လာသဖြင့် စုပ်တသပ်သပ် ရှိနေတယ်။ အိမ်မှာရှိတဲ့ သွေးဆေးလေးလျှက်ပြီး ရေသောက်ချလိုက်တော့ နည်းနည်းသက်သာသလိုရှိသွားတယ်။ လူလည်း နုံးချိနေလို့ ဝါးပက်လက် ကုလားထိုင်လေးပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေမိတယ်။ “မနေ့ကလို ချဉ်စုတ်စုတ်အရည်တွေ မအန်တော့တာတော်သေးတယ်” လို့ ဖြည့်တွေးလေး တွေးနေရင်း “ဒီရောဂါဝေဒနာ အမြန်ပျောက်ပါစေ”ဟု ဆုတောင်းယုံသာ တတ်နိုင်တော့တယ်။ အစာစားလိုက်၊ အန်လိုက်၊ ရင်ပူလိုက်၊ အိပ်မရဖြစ်လိုက်နဲ့ လူလည်းလုံးပါးပါးနေပြီ်။ ဆေးခန်းပြရအောင်ကလည်း သမီးဖြစ်သူ စက်ရုံမှာ အလုပ်လုပ်လို့ ရတဲ့လစာကို သားအမိ နှစ်ယောက် လောက်ငှအောင်စားနေရတဲ့ အခြေအနေ၊ အိမ်မှာ ကိုယ်ကိုယ်တိုင် စက်ချုပ်စက်ဟောင်လေးနဲ့ တစ်နေ့ တစ်နေ့ အထည်ချုပ်လို့ ရတဲ့ငွေနဲ့ အိမ်လခကိုအလျင် မှီအောင် မနည်းပေးထားရတယ်။ သားအမိနှစ်ယောက်…

လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် အထိမ်းအမှတ်နေ့ (၂၀၁၆ ခုနှစ်)

Universal Health Coverage (UHC) Day 2016 လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) အကြောင်း သိကောင်းစရာများ   လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ဆိုသည်မှာ “လူသားတိုင်းသည် အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ ကို ငွေကြေးအခက်အခဲ ကြုံတွေ့မှုမရှိပဲ ရယူနိုင်ခြင်း” ဟု ဖြစ်သည်။ UHC သည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးပန်းတိုင်များ (Sustainable Development Goals (SDGs)) ၌ပါဝင်သော ပန်းတိုင်အမှတ် (၃) (Goal 3) “သက်ရွယ်မရွေး လူတိုင်းစေ့ကျန်းမာရေးနှင့်…