စိတ်ကျန်းမာရေး အလေးပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာခြင်း (Health) ဆိုသည် ရောဂါဝေဒနာ ကင်းရှင်း၍ ကိုယ်အင်္ဂါ ချွတ်ယွင်းမှု မရှိရုံမျှမက ကိုယ်ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှု ရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု၊ အဆင်ပြေကောင်းမွန်ခြင်း စသည်တို့ဖြစ်သည်ဟု သတ်မှတ်ထားသည် ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခ တို့ဖြင့် ပြည့်စုံနေမှသာ ကျန်းမာခြင်း အဓိပ္ပာယ်ပြည့်စုံပေမည်။ စိတ်နှင့်ကျန်းမာရေး စိတ်၏လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်၏တုံ့ပြန်မှု တို့ဆက်စပ်နေသည်။ စိတ်ပျို ကိုယ်နုဆိုသော စကားနှင့်အညီ ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျိုလန်းဆန်းခြင်း စသည်တို့သည် စိတ်၏လန်းဆန်းပျော်ရွှင်မှု၊ အပူအပင်သောကကင်းမှု၊ စိတ်တည်ငြိမ်မှု စသည်တို့ အပေါ်မှာ မူတည်သည်။ စိတ်ကြောင့်ခန္ဓာကိုယ်မှာ ဖြစ်သောရောဂါများ စိတ်လှုပ်ရှားမှု ဖြစ်စဉ်ကြောင့် ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာ အဝဝတွင် ချွတ်ယွင်းလာခြင်း ရှိကြောင်း (၁၉၃၆) ကတည်းက…

Safety First ဆိုတဲ့စာသားကို ဆိုင်းဘုတ်သက်သက် မဖြစ်စေချင်ပါ

International Labour Organization (ILO) ရဲ့ ထုတ်ပြန်ချက်တွေအရ တစ်ကမ္ဘာလုံး ၁၅ စက္ကန့် တိုင်းမှာ အလုပ်သမား ၁၅၃ ယောက် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုတွေကို ရင်ဆိုင် နေရသလို နေ့တိုင်း လူ ၆,၃၀၀ ဟာ အလုပ်နဲ့ဆက်စပ်နေတဲ့ ထိခိုက်မှုတွေ၊ ရောဂါဘယတွေ ကြောင့် သေဆုံးမှုတွေ ရှိနေဆဲပါ။ အလုပ်သမားတွေထိခိုက်မှု၊ ရလာတဲ့ရောဂါတွေ ကုသရခြင်းကြောင့် နှစ်စဉ်ကျန်းမာရေးစရိတ် ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်ကျရတယ်လို့ နိုင်ငံတကာသုတေ သီတွေက ဆိုထားပါတယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ အကျိုးဆက်ရလဒ်ကတော့ လုပ်ငန်းခွင်ပျက် ကွက်မှုအထိ သက်ရောက်သွားခဲ့သလို ကုန်ထုတ်လုပ်မှုစွမ်းအားတွေ လျော့ကျလာလေ စီးပွား ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခက်အခဲတွေ ပိုရှိလာလေပါပဲ။ မြန်မာနိုင်ငံမှာလည်း အရင်ခေတ်တွေက ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးကို…

OnDoctor Telehealth Solutions ၏ Initiative တစ်ခုဖြစ်သည့် Good for Business, Good for Health

Universal Health Coverage (UHC) ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် OnDoctor Telehealth Solutions ၏ Initiative တစ်ခုဖြစ်သည့် Good for Health Good for Business (ကျန်းမာပျော်ရွှင်သောလုပ်ငန်းခွင်) မိတ်ဆက်ပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က နေ့လည် ၁ နာရီခွဲကနေ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ Chatrium Hotel Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “Healthy Workplace means Healthy Business” ခေါင်းစဉ်နဲ့ အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခဒေါက်တာ S ကျော်လှ က “Telehealth Role…

OnDoctor နှင့် Telehealth ကျန်းမာရေးစောင့်ရှောက်မှုစနစ်

Telehealth ဆိုတာ ၂၁ ရာစု ခေတ်မီ တယ်လီဖုန်းဆက်သွယ်ရေး နည်းပညာကိုအသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးပညာပေးခြင်း စသည်တို့ကို အလွယ်တကူပြုလုပ်နိုင်အောင် ဖန်တီးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဆေးရုံဆေးခန်းတွေမှာလို ဆေးထိုး ဆေးစစ် ဓါတ်မှန်ရိုက်ခြင်းစတဲ့ Clinical Services တွေမဟုတ်ဘဲ အထွေထွေကျန်းမာရေးကိစ္စတွေ ဆွေးနွေးတိုင်ပင်ဖို့ ဆေးရုံဆေးခန်းတွေ သွားစရာမလိုပဲ မိုဘိုင်းဖုန်းမှတဆင့် ဆရာဝန်နှင့်တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်ပါတယ်။  အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Telehealth စနစ်ကိုအသုံးပြုလာကြတာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ယခုဆိုလျင် ထိုဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ Telehealth စနစ်ကိုကျော်လွန်၍ ပိုမိုကောင်းမွန်တဲ့ Telemedicine ဆိုတဲ့ နည်းပညာကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Telehealth ကိုအသုံးပြုလာတာကြာခဲ့ပေမဲ့ ယနေ့မြန်မာနိုင်ငံမှာ Telehealth စနစ်ကို စတင် အသုံးပြုနေတာ သိပ်မကြာသေးဘူးဖြစ်ပါတယ်။    Telehealth…

About OnDoctor – Free Healthcare Provider in Myanmar

OnDoctor ဆိုသည်မှာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူများအတွက် အခမဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လတွင် OnDoctor Co., Ltd. ကို စတင်တည်ထောင်ခဲ့ပါသည်။ ပြည်သူ့အကျိုးရှေးရှု၍ အားလုံးလွှမ်းခြုံနိုင်သောကျန်းမာရေးစနစ် (Universal Health Coverage) ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မိုဘိုင်းအက်ပလီကေးရှင်းများ၊ ၀က်ဘ်ဆိုဒ်များဖြင့် မြန်မာပြည်သူများ အားလုံး အထူးသဖြင့် ကျေးလက်နေပြည်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ် လိုအပ်နေသူများထံ ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။   OnDoctor ၏ ရည်ရွယ်ချက် မြန်မာလူမျိုးများအားလုံးအတွက် ငွေကြေးကုန်ကျမှုလုံးဝမရှိပဲအွန်လိုင်းမှတဆင့် (မိုဘိုင်းဖုန်းမှတဆင့်) ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အကောင်းဆုံးသောမိုဘိုင်းအက်ပလီကေးရှင်း (၀က်ဘ်ဆိုဒ်) အဖြစ်တည်ရှိရေး။ ပြည်သူ့အကျိုးရှေးရှု၍ အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ်ရရှိနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုများ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် နေသူများအကြား…

ကျန်းမာရေးအတွက် ငွေကြေးဟာ အတားအဆီးတစ်ခုလား

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း  ကျန်းမာစွာနေထိုင်နိုင်ဖို့ဟာ ကျွန်ုပ်တို့ လူသားတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်မှသာ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ မလွဲသာမရှောင်သာပဲ နေထိုင်မကောင်း ဖြစ်ကြရပါတယ်။ ဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါ သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လူသားတိုင်း အလွယ်တကူ ရရှိကြပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းများအရ အနည်းဆုံး ကမ္ဘာ့လူဦးရေ သန်း ၄၀၀ ခန့်ဟာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို မရရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစရိတ်တွေကို ကိုယ်တိုင်ကိုယ်ကျ ကျခံသုံးစွဲရတဲ့အတွက် နှစ်စဉ်လူသန်းပေါင်း ၁၀၀ ခန့်ဟာ ဆင်းရဲတွင်းထဲ ကျရောက်နေကြရပြီး လူသန်းပေါင်း ၁၅၀ ခန့်ဟာလည်း ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။…

ပူးပေါင်းပါဝင်ကူညီစို့

“လူရယ်လို့ဖြစ်လာရင် အတ္တရိတနဲ့ ပရဟိတဆိုတာ မျှရတယ်” “ဟုတ်ကဲ့” ဝေလင်းတစ်ယောက် အဖေပြောသည်ကိုဘုမသိဘမသိနှင့် ခေါင်းငြိမ့်လိုက်သည်။ ဘာကိုဆိုလိုမှန်း တော့ မသိသေး။ “မင်းတို့လူငယ်တွေ ပရဟိတလုပ်တာ သိပ်နည်းလွန်းတယ်။” ဘာကိုပြောချင်၍ စကားဦးသန်းနေသည်မသိ။ အခုထိ နားမလည်သေး။ “ငါတို့မင်းတို့အရွယ်တုန်းကဆိုလျှင် လူမှုရေးလုပ်ငန်းတွေမှာ တတပ်တအားပါနေပြီ။ မင်းအခု ကြည့် စမ်း ကျောင်းပြီးကတည်းက အလုပ်ထဲ မင်းဝင်တယ်။ မင်းလူမှုရေးလုပ်တာ သိပ်နည်းလွန်းတယ်။ ရပ်ကွက် သာရေးနာရေးတွေမှာမင်းဘယ်နေရာမှာ ပါဝင်နေသလဲ။ မိသားစုမှာတော့ မင်းကလူတော်ပါ။ မိဘကလည်း အားကိုးရတယ်။ ဒါပေမဲ့ စီးပွားရေးတစ်ခုထဲကိုပဲ အာရုံစိုက်နေတဲ့ မင်းကို အဖေက လူမှုရေးလုပ်ငန်းတွေပါ လုပ် ကိုင်စေချင်တယ်” အဖေ့ကို ကြည့်ရတာ တော်တော်လေး အားမလိုအားမရ ဖြစ်နေပုံရသည်။ “မင်းညီနဲ့ညီမဆို ကြည့်စမ်း။ တနင်္ဂနွေတစ်ရက်ကို ကုသိုလ်ဖြစ်ဆေးခန်းမှာ လုပ်အားပေးအနေနဲ့ သွား…

တာဝန်သိလူမှုကူညီမှုလုပ်ငန်းများတွေမှာ ပါဝင်စို့

ဇာနည်တစ်ယောက် ကျောင်းပြီးကတည်းက ဦးလေးဖြစ်သူကုမ္ပဏီတွင် အလုပ်ဝင်လုပ်နေသည်။ ဦး လေးတို့က ဘိုးစဉ်ဘောင်ဆက် ကြီးပွားချမ်းသာလာကြသူတွေ။ မန္တလေးတွင် ဦးလေးတို့ မိသားစုကို မသိသူ မရှိ။ အလှူအတန်းရက်ရောသည့်နေရာတွင်လည်း ဦးလေးတို့ မိသားစုကနာမည်ကြီး။ ဇာနည်တစ်ယောက် ရွှေပင်နားတော့ ရွှေကျီးဖြစ်သလို ဦးလေးကုမ္ပဏီတွင် အလုပ်ဝင်လုပ်ပြီး အမေတို့ အဖေတို့ကို ကျေးဇူးဆပ်နိုင်တော့ ၀မ်းသာမိသည်။ ကုမ္ပဏီတွင် သူကဦးလေး၏ လူယုံလို့လည်းပြောလို့ရသည်။ Manager လို့လည်း ပြောလို့ရသည်။ တစ်နေ့ သူငယ်ချင်းတစ်ယောက်နှင့်တွေ့ပြီး တာဝန်သိလူမှုကူညီမှုလုပ်ငန်းများဆိုတာကို ကြားဖူးလာ သည်။ အစကတော့ ဒီစကားလုံးက ကိုယ်နှင့် စိမ်းနေသည်။ တာဝန်သိလူမှုကူညီမှုလုပ်ငန်းများတဲ့။ “ငါအခုမှကြားဖူးတာ။ ဘယ်လိုလုပ်ငန်းမျိုးကိုပြောတာလဲ” “တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ ပတ်ဝန်ကျင်လူမှုအသိုင်းအ၀ိုင်းမှာ အကျိုးရှိတဲ့ လုပ် ငန်းတွေမှာ ကူညီတာမျိုးကို ဆိုလိုတာပါ။ မင်းတို့ ကုမ္ပဏီအနေနဲ့လည်းဒီလိုမျိုးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်…

ပထမဆုံးအကြိမ်

ဆေးခန်းအတွင်းသို့ လူငယ်တစ်ယောက် ၀င်ရောက်လာသည်။ ထိုလူငယ်ကို ဒေါက်တာအောင်နိုင် သိသည်။ လူငယ်က ရိုးရိုးသားသားနှင့် အေးဆေးသောလူငယ်လေးတစ်ယောက်။ ရပ်ကွက်သာရေးနာရေးများ တွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားတတ်သော လူငယ်တစ်ယောက်။ “အစ်ကို့ကို ပြောစရာလေးရှိလို့ပါ” လေသံတိုးတိုးလေး။ ဘေးလူကြားမှာ စိုးရိမ်သောအသံနှင့် ပြောသည်။ ဘေးတွင်ရပ်နေသော ဆရာမ ကိုလည်း လှမ်းကြည့်လိုက်သည်။ သူပြောနေသောစကားများကို ဆရာမ ကြားသွားမည်ကို စိုးရိမ်ပုံရ သည်။ ဒေါက်တာအောင်နိုင်တစ်ယောက် ဆရာမကိုအပြင်သို့ ခဏထွက်ခိုင်းလိုက်သည်။ “ဆရာမ အပြင်ခဏလောက်ထွက်ပေးပါလား” ထို့နောက်မှ လူငယ်က နှစ်ကိုယ်ကြားလေသံလေးနှင့် “ဘယ်ကနေဘယ်လိုစပြောရမှန်းကို မသိတော့ပါဘူးအစ်ကိုရယ်” “အဆင်ပြေသလိုပြော ငါ့ညီ၊ အစ်ကိုတို့နှစ်ယောက်တည်း အားနာစရာ မလိုပါဘူး။” ဒေါက်တာအောင်နိုင်တစ်ယောက် လူငယ်ကို စကားကြောင်းပေးလိုက်သည်။ “ပြောရမှာလဲရှက်ပါတယ်ဗျာ” “ပြောပါကွာ ငါ့ညီရ “ “ကျွန်တော် ကျွန်တော့်ကောင်မလေးနဲ့ အတူတူနေမိတယ်ဆရာ” “အင်း။…

ကိုယ်ပိုင် မိသားစု ဆရာဝန်တစ်ယောက်လို ဖြစ်လာနိုင်မည့် mHealth (Mobile Health)

သင့်အတွက် ကိုယ်ပိုင်မိသားစုဆရာဝန် တစ်ယောက်ရှိဖို့ကို စိတ်ကူးဖူးပါသလား။ ကျွန်ုပ်တို့လူသားတွေအားလုံး နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်ရင်း တခါတရံမှာ နေထိုင်မကောင်း ဖြစ်တတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ နေထိုင်မကောင်းဖြစ်တဲ့အချိန် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ သွားရောက် ပြသကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ အကြောင်းကြောင်းကြောင့် မအားလပ်လို့ပဲ ဖြစ်ဖြစ် သာမန်နှာစေးချောင်းဆိုး ကိစ္စလေးနဲ့ မပြချင်လို့ပဲဖြစ်ဖြစ် ဆေးရုံ ဆေးခန်းသွားဖို့ကို အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ သင့်အတွက် ကိုယ်ပိုင် မိသားစုဆရာဝန် တစ်ယောက်ရှိဖို့ စိတ်ကူးဖူးပါသလား။ သာမန်ဝင်ငွေသာရရှိတဲ့ လူတစ်ယောက် ဒါမှမဟုတ် မိသားစုတစ်စု အတွက်တော့ ဒီစိတ်ကူးဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကြောင့် mHealth ဟာ အခုလို ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို ပြေလည်စေနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်လာပါတယ်။ mHealth ဆိုတာဘာပါလဲ…