ပူးပေါင်းပါဝင်ကူညီစို့

“လူရယ်လို့ဖြစ်လာရင် အတ္တရိတနဲ့ ပရဟိတဆိုတာ မျှရတယ်” “ဟုတ်ကဲ့” ဝေလင်းတစ်ယောက် အဖေပြောသည်ကိုဘုမသိဘမသိနှင့် ခေါင်းငြိမ့်လိုက်သည်။ ဘာကိုဆိုလိုမှန်း တော့ မသိသေး။ “မင်းတို့လူငယ်တွေ ပရဟိတလုပ်တာ သိပ်နည်းလွန်းတယ်။” ဘာကိုပြောချင်၍ စကားဦးသန်းနေသည်မသိ။ အခုထိ နားမလည်သေး။ “ငါတို့မင်းတို့အရွယ်တုန်းကဆိုလျှင် လူမှုရေးလုပ်ငန်းတွေမှာ တတပ်တအားပါနေပြီ။ မင်းအခု ကြည့် စမ်း ကျောင်းပြီးကတည်းက အလုပ်ထဲ မင်းဝင်တယ်။ မင်းလူမှုရေးလုပ်တာ သိပ်နည်းလွန်းတယ်။ ရပ်ကွက် သာရေးနာရေးတွေမှာမင်းဘယ်နေရာမှာ ပါဝင်နေသလဲ။ မိသားစုမှာတော့ မင်းကလူတော်ပါ။ မိဘကလည်း အားကိုးရတယ်။ ဒါပေမဲ့ စီးပွားရေးတစ်ခုထဲကိုပဲ အာရုံစိုက်နေတဲ့ မင်းကို အဖေက လူမှုရေးလုပ်ငန်းတွေပါ လုပ် ကိုင်စေချင်တယ်” အဖေ့ကို ကြည့်ရတာ တော်တော်လေး အားမလိုအားမရ ဖြစ်နေပုံရသည်။ “မင်းညီနဲ့ညီမဆို ကြည့်စမ်း။ တနင်္ဂနွေတစ်ရက်ကို ကုသိုလ်ဖြစ်ဆေးခန်းမှာ လုပ်အားပေးအနေနဲ့ သွား…

တာဝန်သိလူမှုကူညီမှုလုပ်ငန်းများတွေမှာ ပါဝင်စို့

ဇာနည်တစ်ယောက် ကျောင်းပြီးကတည်းက ဦးလေးဖြစ်သူကုမ္ပဏီတွင် အလုပ်ဝင်လုပ်နေသည်။ ဦး လေးတို့က ဘိုးစဉ်ဘောင်ဆက် ကြီးပွားချမ်းသာလာကြသူတွေ။ မန္တလေးတွင် ဦးလေးတို့ မိသားစုကို မသိသူ မရှိ။ အလှူအတန်းရက်ရောသည့်နေရာတွင်လည်း ဦးလေးတို့ မိသားစုကနာမည်ကြီး။ ဇာနည်တစ်ယောက် ရွှေပင်နားတော့ ရွှေကျီးဖြစ်သလို ဦးလေးကုမ္ပဏီတွင် အလုပ်ဝင်လုပ်ပြီး အမေတို့ အဖေတို့ကို ကျေးဇူးဆပ်နိုင်တော့ ၀မ်းသာမိသည်။ ကုမ္ပဏီတွင် သူကဦးလေး၏ လူယုံလို့လည်းပြောလို့ရသည်။ Manager လို့လည်း ပြောလို့ရသည်။ တစ်နေ့ သူငယ်ချင်းတစ်ယောက်နှင့်တွေ့ပြီး တာဝန်သိလူမှုကူညီမှုလုပ်ငန်းများဆိုတာကို ကြားဖူးလာ သည်။ အစကတော့ ဒီစကားလုံးက ကိုယ်နှင့် စိမ်းနေသည်။ တာဝန်သိလူမှုကူညီမှုလုပ်ငန်းများတဲ့။ “ငါအခုမှကြားဖူးတာ။ ဘယ်လိုလုပ်ငန်းမျိုးကိုပြောတာလဲ” “တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ ပတ်ဝန်ကျင်လူမှုအသိုင်းအ၀ိုင်းမှာ အကျိုးရှိတဲ့ လုပ် ငန်းတွေမှာ ကူညီတာမျိုးကို ဆိုလိုတာပါ။ မင်းတို့ ကုမ္ပဏီအနေနဲ့လည်းဒီလိုမျိုးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်…