လှနေစေချင်

အလှအပဆိုတာ လူတိုင်းအတွက် အရေးပါသည့်အရာတစ်ခုဆိုရင် မမှားချေ။ အလှအပရေးရာသည် မိန်းက လေးများနှင့် သက်ဆိုင်သည်သာမက ယောက်ကျားလေးများအတွက်လည်း လိုအပ်ပါသည်။ အသက်အရွယ် မရွေး အလှအပကို စိတ်ဝင်စားကြသည်။ အလှအပထဲတွင် တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ပါဝင်သည်။ ယနေ့ခေတ် အင်တာနက်အသုံးပြုမှုများလာသည့်နောက်ပိုင်း လူငယ်များသည် အင်တာနက်မှရှာဖွေပြီး မိတ်ကပ်လိမ်းခြင်း၊ အလှအပနှင့်ကျန်းမာရေးဆောင်းပါများဖတ်ရှုခြင်း စသည်တို့ကို ပြုလုပ်လာကြသည်။ အလှအပနှင့်ကျန်းမာရေးမှာလည်း အရေးပါသောနေရာမှ ပါဝင်လာသည်ကား အမှန်ပင်။ ယနေ့ခေတ်တွင် အလှအပနှင့်ဆိုင်ရာထုတ်ကုန်များ ဈေးကွက်ထဲသို့ နာမည်အမျိုးမျိုး၊ အမှတ်တံဆိပ်မျိုးစုံစွာဖြင့် အမြောက် အမြား ဝင်ရောက်လာကြသည်။ ကုန်ပစ္စည်းအစစ်များကိုတုပပြီး အတုများလည်း ဈေးကွက်အတွင်း များစွာ နေရာယူလာကြသည်။ သုံးစွဲသူများကလည်း ဝင်ငွေအဆင့်အတန်းအလိုက် တတ်နိုင်သူက ပစ္စည်းကောင်းသုံး ပြီး မတတ်နိုင်သူများက သာမန်ပစ္စည်းများကိုသာ သုံးကြသည်။ အလှကုန်ပစ္စည်းများသည် သုံးစွဲသူအပေါ်မူတည်၍ ဓာတ်မတည့်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အလှကုန် ဓာတ်မတည့်ခြင်းမှာ…