လူတိုင်းအတွက်လိုအပ်တဲ့ စစ်မှန်တဲ့ကျန်းမာရေးအာမခံချက်

“ဟူး…ငါ့ယောက်ျားထွက်သွားတာကြာပြီ၊ အခုထိပေါ်မလာသေးဘူး။” အဖျားတက်နေတဲ့ သမီးငယ် ယွန်းယွန်းကို အိပ်ယာပေါ်မှာပြုစုပေးရင်း စိုရိမ်ပူပင်သောကတွေပြည့်နေတဲ့ မေခင်တစ်ယောက် ခင်ပွန်းဖြစ်သူ ကိုရန်နိုင်ကိုစောင့်မျှော်နေသည်မှာ နာရီဝက်ကျော်မျှရှိနေသည်။ ခဏအကြာ ဆရာဝန်နှင့်အတူ ရေးကြီးသုတ်ပျာရောက်လာတဲ့ ကိုရန်နိုင်ကို မြင်မှ မေခင် စိတ်အေးနိုင်တော့တယ်။ မေခင် ။   ။ ဆရာရေလုပ်ပါဦး သမီးတော်တော်အဖျားတက်နေတယ်။ မနေ့ညက ကိုယ်အဲဒီလောက်မပူသေးဘူး။ အခုမှ အပူအရမ်းတက်နေတယ်ဆရာ။ ဆရာဝန် ။   ။ သမီးက တော်တော်ဖျားနေတာပဲ မမေခင်။ မေခင် ။   ။ ဆရာ သမီး ဘာဖြစ်တာလဲမသိဘူးနော်။ ဆရာဝန် ။   ။ အရမ်းမစိုးရိမ်ပါနဲ့ မမေခင်။ သမီးအဖျားက ရိုးရိုးအဖျားပါ။ ဒါပေမဲ့ သမီးကိုယ်တွေ အရမ်းပူနေတယ် မမေခင်။ သမီးကို ဘာဆေးတွေတိုက်ထားလဲမသိဘူး။ မေခင် ။   ။…