ဟိုတယ်၊ တည်းခိုခန်း လုပ်သားများနှင့် ကျန်းမာရေး ပြဿနာ

ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းတွေမှာ အလုပ်လုပ်ကြရသူတွေအဖို့ ဧည့်သည်ရောက်ရင် ရောက်တဲ့ အလျောက် အလုပ်များတတ်ပါတယ်။ ဟိုတယ်၊ မိုတယ်၊ အင်းတို့မှာ လုပ်ကိုင်ကြတဲ့ လုပ်သားတွေဟာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရှိရပါမယ်။ ဟိုတယ်လုပ်ငန်းအတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ရပါမယ်။ ဟိုတယ် တာဝန်ထမ်းဆောင်ရင်း တွေ့ကြုံရနိုင်တဲ့ ဓာတုပစ္စည်း၊ လျှပ်စစ်၊ စက်ပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်အန္တရာယ်မရှိရေး ဆောင်ရွက်ချက်များ၊ ဝန်ထမ်းပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးမှု၊ ဓာတုဗေဒပစ္စည်းများ အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေး စသဖြင့် အဆောက်အဦအတွင်း သိသင့်တဲ့ ဓာတုပစ္စည်း၊ လျှပ်စစ်နှင့် ယန္တရား၊ အဝတ်လျှော်စက်၊ အရေးပေါ်စက်၊ အရေးပေါ်လှေကား၊ မီးသတ်သင်တန်း စသဖြင့် သိရှိလိုက်နာသင့်တဲ့ အချက်အလက်များတက်သိကျွမ်းကျင်ဖို့ သင်ယူ လေ့ကျင့်စေရမှာ ဖြစ်တယ်။ သီးခြားလိုအပ်ချက်များအနေနဲ့ ထိရောက်တဲ့ လုပ်ငန်းဆောင်ရွက်ရရှိစေဖို့ အန္တရာယ်ကင်းရှင်းရေး…

ရောဂါဘယကို အရှုံးမ​ပေးခဲ့​သော ​ခေါင်း​ဆောင်​များ

၂၀၁၆ ခုနှစ်​၊ အ​မေရိကန်​သမ္မတ​ရွေး​ကောက်​ပွဲ မဲဆွယ်​ကာလ၊ 9/11အကြမ်းဖက်​မှု ၁၅နှစ်​​မြောက်​အမှတ်​တရ​နေ့တွင် ​သမ္မတ​လောင်းဟီလာရီကလင်​တန်​သည်​ ထိုအထိမ်းအမှတ်​အခမ်းအနား တက်​​ရောက်​စဉ်​ ရုတ်ရက်​မူး​ဝေပြီး အခန်းအနားမှပြန်​ခဲ့ရ​သော​ကြောင့်​ တိုင်းပြည်​၏ နံပါတ် ​တစ်​ခေါင်း​ ဆောင်​ဖြစ်​ရန်​ ရည်​သန်​​နေ​သော သူ၏ကျန်းမာ​ရေးအ​ခြေအ​နေနှင့်​ပတ်​သက်​၍​ စော​ကြောစရာဖြစ်​ခဲ့ရ သည်​။ သို့​သော်​ ကမ္ဘာ့​ခေါင်း​ဆောင်​ကြီးများ၏ သမိုင်း​ကြောင်းကို ကြည့်​လျှင် ​​ခေါင်း​ဆောင်​အ​တော်​များများသည်​သူတို့၏​ရောဂါဘယကို စာဖွဲ့​လောက်​စရာမဟုတ်ဟု သေ​​ဘာထားဟန်ရှိသည်​​။ သာမန်​လူတို့က နာတာရှည်​လူနာအဖြစ်​ တငြီးငြီးတငြူငြူဖြစ်​​နေမည့်​​ရောဂါမျိုးကို သူတို့က ဦးမညွတ်​သည်​ကို​တွေ့ရသည်​။ ယင်းကိစ္စနှင့်​ပတ်​သက်​၍ စွမ်းစွမ်းတမံ အရှိခဲ့ဆုံးပုဂ္ဂိုလ်​တစ်ဦးကား အ​မေရိကန်​ပြည်​သူတို့ အကြည်​ညိုခဲ့ကြဆုံး၊ အားအကျခဲ့ဆုံး သမ္မတတဦးဖြစ်​ခဲ့သူ ဂျွန်​အက်​ဖ်​က​နေဒီ ပင်​ဖြစ်​သည်​။ က​နေဒီ သည်​ ၁၉၆၀ ပြည့်နှစ်​သမ္မတအဖြစ်​​ ရွေး​ကောက်​တင်​​မြှောက်​ခံရသည့်​ကာလတွင်​ အသက် ​၄၃ နှစ်​အရွယ်​သာရှိခဲ့​သေးသည်​။ အများပြည်​သူတို့အမြင်​တွင်​ ကျန်းမာကြံ့ခိုင်​​သောလူရွယ်​၊ နိုးကြွားတက်​ကြွ​နေ​သောသူတ​ယောက်​ဖြစ်​​နေခဲ့သည်​။ ထိုအသွင်​​ပေါက်​​နေ​အောင်​လည်း ဂရုတစိုက်​ပုံဖမ်းထားခဲ့သည်​။ တကယ်​တမ်းတွင်​…

လုပ်ငန်ခွင့် နှင့် ကျန်းမာရေး

အ​ကောင်းဆုံး လုပ်​ငန်းခွင်

လွန်​ခဲ့​သောနှစ်​က အ​မေရိကန်​နိုင်​ငံတွင်​ ကျင်းပခဲ့​သော “Great Place to Work Conference ” တွင်​ စတန့်​ဖို့ဒ်တက္ကသိုလ်​မှ ​ဒေါက်​တာဂျက်​ဖ်​ဖရီဖက်ဖ်ဖာက​​​ အခမ်းအနား၏ အဓိက​မိန့်​ခွန်းကို​ ပြောကြားရာတွင် ​”အလုပ်​လုပ်​ကိုင်​ရာတွင်​ သက်​​သောင့်​သက်​သာ အဆင်​​ပြေ​ပြေရှိ​စေ​သောလုပ်​ငန်းခွင်ကို တည်​​ဆောင်​​ပေး​သောကုမ္ပဏီများသည်​ အလုပ်​သမား၏ ကာယ၊ ဥာဏကျန်းမာ​ရေးကို မြှင့်​တင်​​ပေး​နေသည်​သာမက​သေး ထိုသူ သက်​တမ်းရှည်​စွာ​နေထိုင်​နိုင်​​ရေးကိုပါ ပံ့ပိုး​မတည်​​ပေး​နေ ခြင်းဖြစ်​သည်​”ဟု ထည့်သွင်း​ပြောကြားခဲ့သည်​။ ကျန်းမာ​ရေးနှင့်​မညီညွတ်​​သောလုပ်​ငန်းခွင်​တွင် ​အလုပ်​လုပ်​ကိုင်​ရမှု​ကြောင့်​ အလုပ်​သမားများ သင့်​ ရသော​ ဘေးဘယာ​ရောဂါများ​ ကုသရခြင်း​ကြောင့်​ နှစ်​စဉ်​ကျန်းမာ​ရေးစရိတ်​​ ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်​ကျရပြီး လူ ၁၂၅,၀၀၀ ​ကျော် ​​သေဆုံးရ​လေ့ရှိသည်​ဟု သု​သေသီများက ဆိုသည်​။ လုပ်​ငန်းခွင်​ကျန်းမာ​ရေးအ​ကြောင်း ​ပြောဆိုလျှင်​ အလုပ်​သမားများ ကာယ​လေ့ကျင့်​ခန်းများ လုပ်​နိုင်​​ရေး၊ အဟာရ ပြည့်​ဝ​သော​နေ့လယ်​စာများ ​ကျွေး​မွေး​ရေး၊ ဖျားနာလျှင်​ကုသနိုင်​​ရေးတို့ကိုသာ…

လုပ်ငန်းခွင်အတွက် ဘေးကလူ

ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ကြောက်မက်ဖွယ်ရာ ဆောင်ပုဒ်နဲ့အတူ မျှော်လင့်ချက်မရှိတော့တဲ့ ဘ၀တွေကို ပိုင်ဆိုင်ရတော့မယ်လို့ ခံယူထားတဲ့ HIV ရောဂါဝေဒနာရှင်တွေဟာ အခုဆိုရင် မျှော်လင့်ချက် အလင်းရောင်တွေကို မြင်တွေ့ နေရပါပြီလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိသူ ၃၉ သန်းရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိသူဦးရေ ၃၆.၇ သန်းသာ ရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာ ဒီထက်ထပ်မံ လျော့နည်းသွားဖို့ မျှော်လင့်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိနေတယ်လို့ http://www.aidsdatahub.org ရဲ့ အချက်အလက်အရ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း AIDS/ HIV ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတော်ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့လျာထားပါတယ်။အဖက်ဖက်ကနေ အဆိုပါရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပေမဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။…

ဝန်ထမ်းများနှင့် Absenteeism

Absenteeism ဆိုတာဘာလဲ ဝန်ထမ်းတစ်ဦးဟာ လုပ်ငန်းခွင်ကနေ အကြောင်းတစ်ခုခုကြောင့် ပုံမှန်ပျက်ကွက်နေခြင်းကို Absenteeism လို့ခေါ်ပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ တစ်နှစ်မှာ ခွင့်ရက်အနည်းငယ် ယူခြင်းက ပုံမှန်အခြေအနေဖြစ်ပေမယ့် လိုအပ်တာထက်ပိုပြီး အလုပ်ပျက်ကွက်ခြင်း ကတော့ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုကို ကျဆင်းစေပြီး ဘဏ္ဍာရေးပိုင်းကိုလည်း ထိခိုက်စေရုံသာမကပဲ အခြားသော ဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေပါတယ်။  ဘယ်လိုအကြောင်းရင်းတွေက Absenteeism ကို ဖြစ်စေသလဲ Absenteeism ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အောက်ပါအချက်တွေက အဓိကကျတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဝန်ထမ်းကိုယ်တိုင် နေထိုင်မကောင်းဖြစ်ခြင်း မိသားစုဝင်များ နေထိုင်မကောင်းဖြစ်သဖြင့် စောင့်ရှောက်ရခြင်း လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာရရှိခြင်း အလုပ်တာဝန်များပြားသောကြောင့် စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျဆင်းခြင်း Absenteeism က လုပ်ငန်းခွင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ Absenteeism ဟာ အဓိကအားဖြင့် လုပ်ငန်းရဲ့ ထုတ်လုပ်နိုင်စွမ်းအား (productivity)…

သင်ကောပါဝင်ပြီးပြီလား

(၁) သင်ကောပါဝင်ပြီးပြီလား ? ယနေ့ခေတ်အခါမှာကောင်းမွန်တဲ့ အနာဂတ်ကို ရည်မှန်းတဲ့ အဖွဲ့အစည်း၊ လုပ်ငန်းပေါင်းများစွာတို့ဟာ SDG (Sustainable Development Goals) ၁၇ ချက်ကိုဝိုင်းဝန်း အကောင်ထည်ဖော်နေကြပါတယ်။ မိမိတတ်နိုင်တဲ့ မည်သည့် အခန်းကဏ္ဍကမဆို ပါဝင်လို့ရနေပါပြီ။ ( ၂ ) UHC (Universal Health Coverage) ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှု ဆိုတာ SDG ကိုအကောင်ထည်ဖော်ဖို့အထဲက ကျန်းမာရေးနဲ့ ပတ်သက်ပြီးအရေးပါတဲ့ပန်းတိုင်တစ်ခုပါ။ လူသားတိုင်းအပေါ်လွှမ်းခြုံနိုင်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိဖို့ဆိုတာသက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့အင်အားနဲ့တင်မဖြစ်နိုင်ပါဘူး။ အများဝိုင်းဝန်းအကောင်ထည်ဖော်မှ ပန်းတိုင်စီမြန်မြန်ရောက်မှာပါ။ ( ၃) ဒါဆိုဘယ်လိုလုပ်ကြမလဲ မိမိရဲ့လုပ်ငန်းခွင်ကို ကျန်းမာပျော်ရွှင်အောင် ဖန်တီးပေး ရင်းUHC ကိုဝိုင်းဝန်းပုံဖော်လို့ရပါတယ်။ ကျန်းမာတဲ့ လုပ်ငန်းခွင်တစ်ခုအတွက် ရင်းနှီးမြှပ်နှံလိုက်တာဟာ ရေတိုအနေနဲ့ဝန်ထမ်း တစ်ယောက်ချင်းစီရဲ့ကျန်းမာရေး အသုံးစရိတ်ကို လျော့ချပေးလိုက်နိုင်သလို ရေရှည်အနေနဲ့ နိုင်ငံရဲ့ကျန်းမာရေးအတွက်…

Telehealth နှင့် မိုဘိုင်းဖုန်း

မိုဘိုင်းဖုန်းသည် နေရာတိုင်းတွင် လူမျိုးမရွေးအသုံးပြုလျှက်ရှိသည်။ ယနေ့ခေတ် မိုဘိုင်းဖုန်းသည် လူတိုင်းနှင့်ကင်း ကွာ၍ မရသောအရာတစ်ခုဖြစ်လာနေပြီဖြစ်သည်။ မိုဘိုင်းဖုန်းသည် ကလေးမှစ၍ လူငယ်၊ လူကြီး၊ သက်ကြီးရွယ် အိုမရွေး အသုံးပြုနေကြပြီဖြစ်သည်။ မိုဘိုင်းဖုန်းကတစ်ဆင့် အင်တာနက်သုံးခြင်းဖြင့် ဗဟုသုတများရရှိနိုင်ပြီး လိုအပ် သည့် သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီ ရှာဖွေနိုင်သည်။ လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှု အရေအတွက် လူဦးရေ ခြောက်ဆယ်ရာခိုင်နှုန်း အသုံးပြုနေကြပြီဖြစ်သည့်အပြင် ဆက်လက်ပြီး မိုဘိုင်းဖုန်းသုံးစွဲမှု အရေအတွက် မြင့်တက်လာနိုင်သေးပါသည်။ မိုဘိုင်းဖုန်းတစ်ခုဖြစ်လာစေရန် အခြေခံကျကျ စဉ်းစားကြည့်ရာတွင် စက်ရုံအခြေခံလုပ်သားများ၊ နည်းပညာ တတ်ဝန်ထမ်းများ ၊ သုံးစွဲသူလက်ထဲသို့ရောက်ရှိစေရန် ပို့ဆောင်ပေးသောဝန်ထမ်းများစသည်ဖြင့် လူအင်အား မြောက်မြားစွာ ပါဝင်ဆောင်ရွက်ကြရသည်။ စက်ရုံများသည် ယေဘူယျအားဖြင့် အန္တရာယ်များသော လုပ်ငန်းခွင်ဖြစ်သည်။ စက်ယန္တယားကြီးများဖြင့် အလုပ်လုပ်ကြသည်များရှိသလို တခြားသော နည်းပညာမြင့် ကိရိယာမြင့်စက်ကြီးများဖြင့် ထုတ်ကုန်များကို…

ဆောက်လုပ်ရေးလုပ်ငန်းနှင့် Telehealth

ဆောက်လုပ်ရေးလုပ်သားများသည် ပြည်သူပြည်သားအားလုံးအတွက် လမ်း၊ တံတား၊ အိမ် ၊ စက်ရုံအလုပ်ရုံတွေ အခြေခံလူနေအိမ်အဆောက်အဦးတွေကို ဆောက်လုပ်ပေးကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စက်ပစ္စည်းယန္တရားကြီးများဖြင့် တည်ဆောက်ကြရသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် အန္တရာယ် များသောလုပ်ငန်းခွင်ဖြစ်သည်ဟု ဆိုရပေမည်။ များသောအားဖြင့် ဆောက်လုပ်ရေးလုပ်သားအများစုသည် အခြေခံလူတန်းစားများဖြစ်ကြပြီး နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားကြရသည်။ အလုပ်သမားများအ နေဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်ရမည်ဖြစ်သောကြောင့် အသက်အန္တရာယ် ရှိသည်မရှိသည်ကို မစဉ်းစား နိုင်တော့ဘဲ ကြုံရာကျပန်း ၀င်လုပ်ကြရသည့် အနေအထားများရှိနေရသည်ဟု ဆိုရပေမည်။ ဆောက်လုပ်ရေးလုပ်သားများအနေဖြင့် မနက်လာအလုပ်ဆင်း၊ ညနေအလုပ်သိမ်း အိမ်ပြန်စသဖြင့် နေ့စဉ်လှုပ်ရှားလည်ပတ်နေရသည်။ တစ်ခါတရံ နေမကောင်းဖြစ်လျှင် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေ ရသည်ကတစ်ကြောင်း၊ ငွေကြေးလုံလောက်မှု မရှိသည်ကတစ်ကြောင်း ဆေးခန်းသို့ မသွားနိုင်ဘဲ ရရာဆေးများ ဖြင့် ကုသကြသည်။ ထိုသိုသောအခြေနေသည်  ရောဂါကို အလွယ်တကူ မပျောက်ကင်းနိုင်ပါ။ ထို့အတွက်ကြောင့်…

ဝေဟင်ထဲအထိ စောင့်ရှောက်ပေးနေမယ့် mHealth

နယ်ပယ်အသီးသီးတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုပြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဆေးပညာ ရပ်တွင်လည်း Telehealth ၏ အခန်းကဏ္ဍသည် တနေ့တခြားပိုမိုကျယ်ပြန့်လာနေသည်။ Telehealth ဆိုသည် မှာ နည်းပညာအထောက်အကူပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး တနည်းအားဖြင့် ဆေးရုံ၊ ဆေးခန်း များထိ သွားရောက်ကုသခံယူရန်မလိုဘဲ အွန်လိုင်းမှတဆင့် အလွယ်တကူ ရယူနိုင်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုမျိုးဖြစ်သည်။ လက်ရှိအချိန်တွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အထူးတလည် မိတ်ဆက်နေစရာ မလိုသော်လည်း ကျွန်ုပ်တို့မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် ပြည်သူ့လူထုအတွက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဗဟုသုတပေးနိုင်သော Telehealth စနစ် ပိုမိုပြန့်ကားလားစေရန်  ကြိုးပမ်းနေကြပြီ။ လူတိုင်းလက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက် Telehealth ၏ တစိတ်တပိုင်းဖြစ်သော mHealth (mobile health) ကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်လျှက်ရှိ သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသာမက ပြည်သူလူထုဘက်မှလည်း…

အထည်ချုပ်လုပ်ငန်းနဲ့ ကျန်းမာရေး

အထည်ချုပ်လုပ်ငန်းနဲ့ ကျန်းမာရေး ကမ္ဘာမှာ ရှိတဲ့လူဦးရေအနက် သန်း ၆၀ ကနေ ၇၅ သန်းလောက်ဟာ အထည်အလိပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့စက်ရုံတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြပြီး နိုင်ငံတော်တော်များများရဲ့ တန်ဖိုးမြင့်ပို့ကုန်ကဏ္ဍမှာ အထည် ချုပ်လုပ်ငန်းဟာ ထိပ်ဆုံးကရပ်တည်နေပါတယ်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွေက ၂၀၁၆ ခုနှစ် နှစ်ဆန်း ပိုင်းကနေ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၇၄၅ သန်းကျော်ဖိုး ပြည်ပကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသလို အဆိုပါကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေကြတဲ့လုပ်သားတွေဟာလည်း လုပ်ငန်းခွင်အတွက်လည်း အရေးပါလှတဲ့ အင်အားစုတစ်ရပ် ဖြစ်နေပါတယ်။ ပြင်ပသက်ရောက်မှုများနဲ့ ကျန်းမာရေး အထည်ချုပ်ဝန်ထမ်းတစ်ယောက်ရဲ့ဝင်ငွေလစာဟာ နည်းပါးလှသလို အဆိုပါဝန်ထမ်းရဲ့ ပညာအရည်အချင်းနဲ့ ကျန်းမာရေးဗဟုသုတပိုင်းနဲ့ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပြင် သူတို့ရဲ့ ကျန်းမာရေးပြဿနာအရပ်ရပ်မှာလည်းမလိုလားအပ်တဲ့ အယူအဆတွေများစွာကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေ…